Warranty(MM)

XIAOMI အာမခံ အသိပေးချက်

ဤအာမခံသည် လူကြီးမင်းအား အချို့သော ရပိုင်ခွင့်များကိုပေးထားပြီး လူကြီးမင်း၏ နိုင်ငံ၊ ပြည်နယ် သို့မဟုတ် စီရင်စုအတွင်းရှိ ပြဋ္ဌာန်းဥပဒေများမှ ပေးထားသော အခြားသော ရပိုင်ခွင့်များကိုလည်း ခံစားပိုင်ခွင့်ရှိပါသည်။ အချို့သောနိုင်ငံများ၊ စီရင်စုများ သို့မဟုတ် ပြည်နယ်များတွင် စားသုံးသူဥပဒေသည် အာမခံကာလအနည်းဆုံး မည်၍မည်မျှပေးရမည်ဟု ပြဋ္ဌာန်းထားပါသည်။ ဥပဒေမှ ခွင့်ပြုပြဋ္ဌာန်းထားသည့် အရာများမှ အပ XIAOMI သည် လူကြီးမင်း၏ ခံစားပိုင်ခွင့်ရှိသော ရပိုင်ခွင့်များကို ဖယ်ထုတ်ခြင်း၊ ကန့်သတ်ခြင်း သို့မဟုတ် ရပ်ဆိုင်းခြင်းတို့ကို မလုပ်ပါ။ လူကြီးမင်း၏ ရပိုင်ခွင့်များကို ပြည့်ပြည့်ဝဝ နားလည်မှုရှိစေရန်အတွက် ကျွန်ုပ်တို့အနေနှင့် လူကြီးမင်းတို့၏ နိုင်ငံ၊ စီရင်စု သို့မဟုတ် ပြည်နယ်အတွင်းရှိ ဥပဒေများအား တိုင်ပင်ဆွေးနွေးမှုပြုပါရန် တိုက်တွန်းအပ်ပါသည်။ ဤအာမခံစာချုပ်သည် Xiaomi ထုတ်ကုန်များ၏ မူလအတိုင်း တပ်ဆင်ရောင်းချထားသော hardware အစိတ်အပိုင်းများ (ဤနေရာမှစ၍ “ကုန်ပစ္စည်း” ဟု သုံးနှုန်းမည်) အတွက်သာ အကျုံးဝင်ပြီး Xiaomi သို့မဟုတ် အခြားသော ပြင်ပလူပုဂ္ဂိုလ်/အဖွဲ့အစည်းတို့မှ ပိုင်ဆိုင်သော မည်သည့် ဆော့ဖ်ဝဲ သို့မဟုတ် အခြားသော ကိရိယာများအပေါ် အကျုံးဝင်ခြင်းမရှိဘဲ ထိုအတွက် အသုံးပြုသူဘက်မှ လိုင်စင်အတွက် သဘောတူညီချက် သို့မဟုတ် သီးသန့် အာမခံ ထုတ်ပြန်ချက် သို့မဟုတ် သီးသန့်ပြဋ္ဌာန်းချက်များကို ရည်ရွယ်ထုတ်ပြန်ထားပါသည်။

ကာလကန့်သတ်ထားသော ကုန်ပစ္စည်းအာမခံ

မူလဝယ်ယူသူအား Xiaomi မှ အာမခံသည်မှာ လူကြီးမင်း၏ Xiaomi ကုန်ပစ္စည်းသည် အာမခံသက်တမ်းကာလအတွင်း သာမာန်အတိုင်းသာ အသုံးပြုပါက ပါဝင်ပစ္စည်းများနှင့် တည်ဆောက်ထားပုံတို့တွင် အပြစ်အနာအဆာ ရှိမည်မဟုတ်ပါ။ ဤအာမခံ၏ သက်တမ်းပေးထားချက်မှာ ဖြုတ်၍မရသော အမာခံအပိုင်းများအတွက် တစ် (1) နှစ် ဖြစ်ပြီး ဖြုတ်၍ရနိုင်သော ဘတ္ထရီနှင့် အားသွင်းတုံးတို့အတွက်မူ ခြောက် (6) လ၊ ဖြုတ်၍မရသော ဘတ္ထရီအတွက် ဝယ်ယူချိန်မှစ၍ တစ် (1) နှစ် ဖြစ်ပါသည်။ ရှေ့တွင်ဆိုထားသော အပိုဒ်များမှ မည်သို့ပင်ဆိုစေကာမူ Xiaomi သည် သက်ဆိုင်ရာ ဥပဒေမှ ပြဋ္ဌာန်းထားသော တရားဝင်အနည်းဆုံးပေးရမည့် အာမခံသက်တမ်းအား ဖယ်ထုတ်ခြင်း၊ ကန့်သတ်ခြင်း သို့မဟုတ် ရပ်ဆိုင်းခြင်းမလုပ်ပါ။ Xiaomi အနေနှင့် ကုန်ပစ္စည်း၏ လုပ်ငန်းဆောင်ရွက်မှု တုံ့နှေးခြင်းမရှိ သို့မဟုတ် အမှားအယွင်းကင်းမည်ဟု အာမ မခံပါ။ ပြန်လည်ဖြေရှင်းပေးနိုင်သည့် နည်းလမ်းများ အပြစ်အနာအဆာတွေ့ပါက ဥပဒေမှခွင့်ပြုထားသည့် အတိုင်းအတာအမြင့်ဆုံးအထိ ယခုဖော်ပြထားသည့် နည်းလမ်းများသည် လူကြီးမင်းအတွက် တစ်ခုတည်းသော၊ သီးသန့်သုံးနိုင်သည့် ပြန်လည်ဖြေရှင်းပေးမည့်နည်းလမ်းများဖြစ်ပါသည်။ သက်ဆိုင်ရာဥပဒေမှ တားမြစ်ထားသည့် နေရာများမှအပ ပို့ဆောင်ခနှင့် ထိန်းသိမ်းခတို့ ကျသင့်နိုင်ပါသည်။ မည်သည့် အစားထိုး hardware ကုန်ပစ္စည်းမဆို မူလအာမခံသက်တမ်း၏ ကျန်ရှိသက်တမ်း သို့မဟုတ် ရက်သုံးဆယ် (30) တို့အနက် သက်တမ်းကာလ ပိုမိုကြာရှည်


စွာ ကျန်ရှိသေးသော သက်တမ်းဖြင့် သို့မဟုတ် လူကြီးမင်းနေထိုင်ရာဒေသ တရားစီရင်ဆုံးဖြတ်ချက်နှင့် ကိုက်ညီသော မည်သည့် ထပ်ဆောင်းသက်တမ်းဖြင့်မဆို အာမခံသက်တမ်းပေးမည်ဖြစ်ပါသည်။ အာမခံဝန်ဆောင်မှု ရရန် သက်ဆိုင်ရာ ဥပဒေတို့နှင့် အညီ Xiaomi အနေနှင့် ဝယ်ယူသူတို့အား ဝယ်ယူမှုအသေးစိတ်အချက်အလက် အထောက်အထားတို့ ပေးရန်နှင့် ကုန်ပစ္စည်း၏ IMEI ပါသော အာမခံကတ်ပြား ပြရန်အတွက် တောင်းနိုင်ပါသည်။ သက်ဆိုင်ရာ ကုန်ပစ္စည်းတွင် သင်ထည့်သွင်းထားသော သို့မဟုတ် သိမ်းဆည်းထားသော မည်သည့် ဒေတာအချက်အလက်၊ ဆော့ဖ်ဝဲ သို့မဟုတ် အခြားသော အရာများကို ဘက်ခ်အပ် ပြုလုပ်သိမ်းဆည်းရန်မှာ လူကြီးမင်း၏ တာဝန်ဖြစ်ပါသည်။ ပြန်လည်ပြင်ဆင်နေစဉ်အတွင်း ထိုဒေတာအချက်အလက်များ၊ ဆော့ဖ်ဝဲ သို့မဟုတ် အခြားသောအရာများ ပျက်သွားခြင်း သို့မဟုတ် ဖောမတ်ပြန်ချလိုက်ခြင်းတို့ ဖြစ်သွားနိုင်ပြီး Xiaomi အနေနှင့် ထိုကဲ့သို့သော ထိခိုက်ပျက်စီးမှု သို့မဟုတ် ဆုံးရှုံးနစ်နာမှုများအတွက် တာဝန်ယူမည်မဟုတ်ပါ။


အကျုံးမဝင်သော အချက်များနှင့် ကန့်သတ်ချက်များ

Xiaomi မှ အခြားတနည်းနည်းဖြင့် ဖွင့်ဆိုထားခြင်းမရှိပါက ဤကာလသက်တမ်း အကန့်အသတ်ရှိသော အာမခံသည် Xiaomi မှ သို့မဟုတ် Xiaomi အတွက် ထုတ်ထားသော “Xiaomi” သို့မဟုတ် “Mi” အမှတ်တံဆိပ်၊ ကုန်ပစ္စည်းအမည် သို့မဟုတ် အမှတ်အသား ရိုက်နှိပ်ထားသော ကုန်ပစ္စည်းများအတွက်သာ အကျုံးဝင်ပါသည်။ ဤကာလသက်တမ်း အကန့်အသတ်ရှိသော အာမခံသည်- (က) သဘာဝအရ ပျက်စီးမှုများ၊ ဥပမာ - မိုးကြိုးပစ်ခြင်း၊ မုန်တိုင်းဖြစ်၍ ရေကြီးခြင်း၊ မီးလောင်ခြင်း၊ ငလျင်လှုပ်ခြင်း သို့မဟုတ် အခြားသော ပြင်ပအကြောင်းအရင်းများ (ခ) ပေါ့ဆမှု (ဂ) စီးပွားဖြစ် အသုံးပြုမှု (ဃ) ကုန်ပစ္စည်း၏ မည်သည့်အစိတ်အပိုင်းကိုမဆို ပြင်ဆင်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း (င) Xiaomi ကုန်ပစ္စည်းမဟုတ်သော ပစ္စည်းများဖြင့် အသုံးပြုသောကြောင့် ဖြစ်သော ထိခိုက်ပျက်စီးမှု (စ) မတော်တဆမှု၊ အကြမ်းပတမ်းသုံးခြင်း သို့မဟုတ် လွဲမှားစွာသုံးခြင်းတို့ကြောင့် ဖြစ်သော ထိခိုက်ပျက်စီးမှု (ဆ) Xiaomi မှ ပြောထားသော သတ်မှတ်ထားသည့် သို့မဟုတ် ရည်ရွယ်ထားသည့် အသုံးပြုမှုအတိုင်းမဟုတ်ဘဲ အသုံးပြုသောကြောင့် သို့မဟုတ် မကိုက်ညီသော ဗို့အား သို့မဟုတ် အားသွင်းမှုတို့ကြောင့် ထိခိုက်ပျက်စီးမှု (ဇ) Xiaomi ကိုယ်စားလှယ်မဟုတ်သူ တစ်ဦးဦးမှ ပြင်ဆင်(အဆင့်မြှင့်ခြင်းနှင့် တိုးချဲ့ခြင်းအပါအဝင်) ခြင်းကြောင့် ဖြစ်သော ထိခိုက်ပျက်စီးမှု သို့မဟုတ် (ဈ) သက်ဆိုင်ရာကုန်ပစ္စည်းအသုံးပြုမှုနှင့် သက်ဆိုင်သော လမ်းညွှန်ချက်များကို မလိုက်နာသောကြောင့် ဖြစ်လာသော အရာများအတွက် အကျုံးမဝင်ပါ။ ဤကာလသက်တမ်း အကန့်အသတ် သက်တမ်းရှိသော အာမခံတွင် ဆော့ဖ်ဝဲပရိုဂရမ်များနှင့် အသုံးပြုသူတို့၏ ဒေတာအချက်အလက်များ ပြန်လည်ရယူပေးခြင်းနှင့် ပြန်လည်ထည့်သွင်းပေးခြင်းတို့ မပါဝင်ပါ။ မည်သည့် Xiaomi ပစ္စည်း ပြန်လည်ရောင်းချသူ၊ အေးဂျင့် သို့မဟုတ် ဝန်ထမ်းမဆို ဤ ကာလအကန့်အသတ်ရှိသော အာမခံအား မည်သည့်နည်းဖြင့်မဆို ပြောင်းလဲခြင်း၊ သက်တမ်းတိုးခြင်း သို့မဟုတ် ထပ်မံဖြည့်စွက်ခြင်း လုပ်ပိုင်ခွင့်မရှိပါ။ မည်သည့်အချက်အလက်အဆို တရားဥပဒေနှင့်မညီ သို့မဟုတ် ကျင့်သုံး၍မရနိုင်ပါက သက်ရှိသော အချက်အလက်များ၏ တရားဝင်မှုနှင့် ကျင့်သုံးနိုင်ခွင့်တို့ကို ထိခိုက်ခြင်း သို့မဟုတ် ပျက်ယွင်းခြင်းမရှိစေရပါ။ ဥပဒေမှ တားမြစ်ထားခြင်း သို့မဟုတ် Xiaomi မှ တနည်းတဖုံဖြင့် ကတိကဝတ်ပြုထားခြင်းမရှိပါက ရောင်းချပြီးနောက်ပေးသည့် ပြင်ဆင်ရေးဝန်ဆောင်မှုသည် မူလဝယ်ယူသည့် နိုင်ငံ သို့မဟုတ် ဒေသအလိုက် အကန့်အသတ်ရှိနိုင်ပါသည်။


အခြားသွယ်ဝိုက်ပေးထားသော အာမခံများ သက်ဆိုင်ရာ ဥပဒေမှ တားမြစ်ထားသည့် အခြေအနေမှအပ ရှိရှိသမျှသော သွယ်ဝိုက်ညွှန်းဆိုပေးထားသော အာမခံများ (ရောင်းဝယ်နိုင်သည့် အရည်အသွေးရှိမှု အာမခံနှင့် အချို့သောကိစ္စများအတွက် ကြံ့ခိုင်မှုဆိုင်ရာ အာမခံ အပါအဝင်) တို့သည် ဤ ကာလအကန့်အသတ်ရှိသော အာမခံ၏ ကာလသက်တမ်းအတွင်းသာ ရှိရမည်။ အချို့သော တရားစီရင်ဆုံးဖြတ်ချက်များသည် သွယ်ဝိုက်ပေးထားသော အာမခံ၏ ကာလသက်တမ်းအား ကန့်သတ်မှုကို ခွင့်မပြုသောကြောင့် အထက်ပါ ကန့်သတ်ချက်များသည် လူကြီးမင်းနှင့် သက်ဆိုင်ချင်မှသာ သက်ဆိုင်ပါလိမ့်မည်။

ထိခိုက်ပျက်စီးမှုများအတွက် အကန့်အသတ်များ သက်ဆိုင်ရာ ဥပဒေမှ ကန့်သတ်ထားသည့် အရာများမှ အပ Xiaomi အနေနှင့် မတော်တဆ၊ သွယ်ဝိုက်၊ ထူးထူးခြားခြား သို့မဟုတ် နောက်ဆက်တွဲ အနေနှင့် ဖြစ်လာသည့် ထိခိုက်ပျက်စီမှုများ၊ ဝင်ငွေ သို့မဟုတ် ဒေတာအချက်အလက်များဆုံးရှုံးမှုများ အပါအဝင် အခြားသောအရာများ အပါအဝင် မည်သည့် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ပေးထားသော အာမခံများ သို့မဟုတ် သဘောတူညီချက်များကိုမဆို မည်သည့်နည်းနှင့်မဆို ချိုးဖောက်မှုကြောင့်ဖြစ်လာသော ထိခိုက်နစ်နာမှုများအတွက် အခြားသော မည်သည့်ဥပဒေများမှ မည်သို့ပင်ဆိုစေကာမူ၊ Xiaomi အား ထိုကဲ့သို့သော အရာများဖြစ်လာနိုင်သည်ဟု အကြံပေးထားသည် ဖြစ်စေကာမူ တာဝန်မရှိပါ။ အချို့သော တရားစီရင်ရေးများတွင် ထူးထူးခြားခြား၊ သွယ်ဝိုက် သို့မဟုတ် မတော်တဆ သို့မဟုတ် နောက်ဆက်တွဲ ထိခိုက်ပျက်စီးမှုများအား အကျုံးမဝင်စေခြင်း သို့မဟုတ် ကန့်သတ်ခြင်းတို့ကို ခွင့်မပြုပါ၊ ထို့ကြောင့် အထက်ပါ အကျုံးမဝင်သော အချက်များ သို့မဟုတ် ကန့်သတ်ချက်များသည် လူကြီးမင်းနှင့် သက်ဆိုင်ချင်မှသာ သက်ဆိုင်ပါလိမ့်မည်။



မြန်မာနိုင်ငံရှိ Xiaomi တရားဝင် ပြင်ဆင်ခွင့်ရထားသော ဆိုင်တို့၏ သတင်းအချက်အလက်များ

မြို့ 

တရား၀င်ဆားဗစ်စင်တာ

လိပ်စာ

ဖုန်းနာပါတ်

ရန်ကုန်

Yangon Authorized Service Center 

 အမှတ် ၅၇၆( ကမ်းနားလမ်းနှင့် ၈လမ်းထောင့်)လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

01-218041, 01- 2317233, 09-897880020

မန္တလေး

Mandalay Authorized Service Center 

အမှတ် C/4-2 ( ၃၂ x ၃၃ လမ်းကြား) (၇၇ x ၇၈ လမ်းကြား) ရတနာလမ်း ၊ ချမ်းအေးသာဇံမြို့နယ် ၊ မန္တလေး။

09-91022630 , 09-897880050,  09-740995722

ပုသိမ်

Pathien Authorized Service Center 

အမှတ်(8/12) ရှင်ပင်ဘုန်းပွင့်လမ်း(တံတားကြီးလမ်းသစ်ထောင့်) ၊ (3)ရပ်ကွက် ၊ပုသိမ်မြို့ ။

09-757722260, 09-740993367

ပြည် 

Pyay Authorized Service Center 

 အမှတ် ၁ ၊ တပ်လမ်း၊ စံတော်ရပ်ကွက် ၊ ပြည်။

09-751 80 4949, 09-777 512 4765

မကွေး

Magway Authorized Service Center 

 အမှတ် ၈ ဗိုလ်ချုပ်လမ်း၊ ပွဲကြို ရပ်ကွက် ၊ မကွေးမြို့။

09-7757 10033,09-795888622, 09-751165000

မြစ်ကြီးနား 

Myitkyina Authorized Service Center 

 အမှတ် ၃ မြို့မရပ်ကွက် ၊ မြစ်ကြီးနား။

09-2580 80801, 09-793036024

မော်လမြိုင်

MawLaMyine Authorized Service Center 

အမှတ်(၂၁၇)၊အောက်လမ်းမကြီး၊ရွှေတောင်ရပ်၊မော်လမြိုင်မြို့။

09-788322323,09-788322424, 09-773790234

တောင်ကြီး 

Taunggyi Authorized Service Center 

အမှတ် ၁၀၇၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ လမ်းမတော်ရပ်၊ တောင်ကြီးမြို့။

786200188, 09-756101400

မြိတ်

Myeik Authorized Service Center 

ဗိုလ်ချုပ်လမ်း၊ ဆိပ်ငယ်ရပ်၊ ဘုံတိုက်စိမ်း မင်္ဂလာခန်းမ အောက်ထပ်၊ မြိတ်မြို့ ။ 

09-250620241